တပ်မတော်နဲ့ သတင်းမီဒီယာတွေရဲ့ ဆက်ဆံရေး တိုးမြင့်နိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ တို့ အောက်တိုဘာ ၁၄ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံကြမယ်လို့ သိရပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ စာနယ်ဇင်းကောင် စီတို့ သီးသန့်တွေ့ဆုံမှုဟာ ဒါ ပထမဆုံးအကြိမ်ဖြစ် ပါတယ်။
ဒီတွေ့ဆုံပွဲမှာ တပ်မတော်နဲ့ မီဒီယာရဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေနဲ့ တပ်မတော်ဆိုင်ရာ သတင်းတွေအတွက် သတင်းထုတ်ပြန်ရေးဌာန ထားရှိရေးကိစ္စကို ကာကွယ်ရေးဦးစီးချုပ်ကို အဓိကထား တင်ပြမှာဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ ၅ ရက်နေ့က နေပြည်တော်မှာ မီဒီယာနဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မဏ္ဍိုင်သုံးရပ်မှ တစ်လတစ်ကြိမ် သီးခြားစီဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ပေးဖို့နဲ့ အချက်အလက်တွေ ပုံမှန်ထုတ်ပြန်ပေးဖို့၊ တရားရုံးတွေမှာ သတင်းယူခွင့်ပြုဖို့ မီဒီယာတွေဘက်က တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဦးဇော်သက်ထွေးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။