ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ထောက်ခံပွဲ

2019-03-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲကို ၂ဝ၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့စဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲကို ၂ဝ၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့စဉ်
Photo: Zin Min Htun

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြင်ဦးလွင်မြို့မှာ ဒေသခံ တစ်ထောင်ခန့်က ဒီနေ့ ထောက်ခံပွဲ ကျင်းပခဲ့ပါတယ်။

လူထုထောက်ခံပွဲကို ပြင်ဦးလွင်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ ကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ၊ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး အခြေခံဥပဒပြင်ဆင်ပေး၊ တိုင်းရင်းသား ပြည်သူခွင့်တူညီမျှရရှိရေး ဖွဲ့စည်းပုံပြင်ဆင်ပေးဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဒီထောက်ခံပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဟောပြောခဲ့ပြီး စတစ်ကာကမ်ပိန်းနဲ့ တီရှပ်အင်္ကျီတွေဖြန့်ဝေကာ ပါဝင်သူတွေက လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ မနက်ဖြန်မှာလည်း ပျော်ဘွယ်မြို့နယ်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့