မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ တစ်ရက်တည်း တစ်ရာကျော်ရှိ

2021-06-01
Share
မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူ တစ်ရက်တည်း တစ်ရာကျော်ရှိ ၂ဝ၂ဝ ဧပြီလ ၁ဝ ရက်နေ့က ကိုဗစ်လူနာဆောင်မှာ တွေ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။
File Photo/ AFP

မနေ့က တရက်တည်း ကိုဗစ်ပိုးတွေ့လူနာ ၁၂၂ယောက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မေလ ၃၁ ရက် ည ၈နာရီကနေ ဇွန်လ ၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှု နှစ်ထောင်ကျော်လုပ်ခဲ့ပြီး ကိုဗစ်အတည်ပြု လူနာသစ်တွေ တရာကျော်ကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။

နေပြည်တော်တဝိုက် ကျန်းမာရေးဌာနတွေနဲ့ ရန်ကုန် စစ်ဆေးရုံမှာက စစ်ဆေးတွေ့ရှိချက်တွေကို ဖော်ပြထားတာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြု လူနာစုစုပေါင်း တသိန်းလေးသောင်းကျော်ရှိပြီး အဲဒီအထဲက တသိန်းသုံးသောင်းကျော် ဆေးရုံက ဆင်းခွင့်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာတော့ ဖော်ပြမထားပါဘူး။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကိုဗစ်စစ်ဆေးတွေ့ရှိချက်တွေထဲမှာ အခုရက်ပိုင်းတွေအတွင်း ပိုးတွေ့လူနာ အရေအတွက်တွေ ပြန်ပြီး မြင့်တက်လာနေပါတယ်။

စစ်အာဏာသိမ်းမှုကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့