ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်


2018.12.24
Share on WhatsApp
Share on WhatsApp
dassk-dala-bridge-622.jpg နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၈၊ ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားမှာ တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ပန္နက်တင် အခမ်းအနားကို ဒလမြို့နယ် ကမာကဆစ်ကျေးရွာ ဗိုလ်မင်းရောင်လမ်းပေါ်က စီမံကိန်းဧရိယာအတွင်း ဒီနေ့ ကျင်းပရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

တံတား တည်ဆောက်ရေးကာလဟာ ၅ နှစ်ကြာမြင့်မှာဖြစ်ပြီး စီမံကိန်း ပြီးစီးသွားတဲ့အခါ ရန်ကုန်- ဧရာဝတီတိုင်းကနေတဆင့် ရခိုင်ပြည်နယ်အထိ သွားရောက်နိုင်မှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။

အဲဒီစီမံကိန်းဟာ အငြင်းပွားမှုတွေ များနေတဲ့အတွက် ၄ နှစ်နီးပါးကြာ မတည်ဆောက်နိုင်ဘဲဖြစ်နေတာပါ။

ဒလတံတားစီမံကိန်းကို စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ရဲ့ Asia World ကုမ္ပဏီ၊ မြန်မာ့စက်မှုဆိပ်ကမ်းနဲ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တွေက အကြိမ်ကြိမ် ကန့်ကွက်တာတွေကြောင့် ကြန့်ကြာနေတာဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင် က ပြောပါတယ်။

ဒေသခံတွေကတော့ တံတားကို အမြန်ဆုံးတည်ဆောက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဒလတံတားကို မြန်မာ - ကိုရီးယား ချစ်ကြည်ရေးအနေနဲ့ တည်ဆောက်တာဖြစ်ပြီး အရှည်ပေ ၆ ထောင်ကျော်၊ ပေ ၁၆၀ ကျော်မြင့်ကာ လေးလမ်းသွားအဖြစ် ဆောက်လုပ်မှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။