ကချင်ပြည်နယ် တနိုင်းမြို့မှာ သုံးရက်ဆက်တိုက် မိုးရွာလို့ ဒီနေ့မနက်ပိုင်းကစပြီး တနိုင်း ချောင်းရေ မြင့်တက်လာတဲ့အတွက် အိမ်ထောင်စု ၄၀၀ ဝန်းကျင် ရေဘေးဒုက္ခ ကြုံနေရ တယ်လို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက် ၃ နာရီလောက်ကတော့ ရေ တော်တော်ကြီးလာတယ်။ အခုလည်း ကြီးနေ တုန်းပဲ။ ရေဝင်တဲ့အိမ်က ၄၀၀ လောက်တော့ရှိပြီ။ ရေဝင်တဲ့အိမ်ထဲကလူတွေ တိမ်း ရှောင်ရလောက်အောင်တော့ မဟုတ်ပေမယ့် နေအိမ်တွေထဲမှာတော့ ရေဝင်ပြီ”
စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၂၇ စုနေထိုင်တဲ့ တနိုင်းမြို့ပတ်လမ်းနေရာ အပါအဝင် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဆိမ့်ဆ ရပ်ကွက်၊ ပုံခုံးရပ်ကွက်နဲ့ ယော်ဆာဒီးကျေးရွာတွေ ရေဘေးဒုက္ခကြုံတွေ့နေရတာပါ။
ဒီထက်ပိုပြီး ချောင်းရေတက်လာရင် အစားအသောက် အကူအညီတွေလိုအပ်လာနိုင်လို့ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) က လတ်တလောရေဘေးဒုက္ခ ကြုံတွေ့နေရတဲ့ အိမ်ထောင်စုစာရင်း ကောက်ခံထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း အခုလို ရေကြီးရေလျှံဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။