တရုတ်ပြည်က မြန်မာနဲ့ စစ်ရေးပူးပေါင်းမှု တိုးချဲ့လို
2016.09.10

Photo:Myanmar State Counsellor Office
တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဌ ရူး စီလန်း Xu Qiliang က ဒေါ်အောင်ဆန်းစုကြည်နဲ့ သောကြာနေ့ က တွေ့ဆုံရာမှာ တရုတ်တပ်မတော်က မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လိုတယ်လို့ ပြောကြား ခဲ့ကြောင်း သိရပါတယ်။
တရုတ်တပ်မတော် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စီလန်း က ၂ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို တရုတ်နိုင်ငံက တန်ဖိုးအလွန်ထားပါကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံ အားပေးကြောင်း စသဖြင့်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ နိုင်ငံ ချစ်ကြည်ရေးအတွက် အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုတွေရှိဖို့ အလွန်အရေးကြီးကြောင်းနဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်ပြည်ရဲ့ ပါဝင်ထောက်ခံမှု အတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။