အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိတ်ဖွင့်ပေးစာပို့
2011.07.28
မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာဟာ လတ်တလော အစိုးရနဲ့ စစ်ပွဲတွေ ဆင်နွှဲနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီ MNSP နဲ့ ရှမ်းပြည်တပ်မတော် SSA တို့ကို အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားတာပါ။
ဒီ စာမှာပါရှိတဲ့ အပိုဒ်တပိုဒ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ဖတ်ပြပါတယ်။
“ပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဖက် အကျိုး ဆုတ်ယုတ်မှု များသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းလမ်းများဖြစ် တည်ဆောက် မရနိုင်ပါ။ နိုင်ငံရေး နည်းလမ်းဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်း ဖြစ်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်”
စာ နိဂုံးမှာတော့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းဖို့ အသင့်ရှိတဲ့အကြောင်း ရေးသားထားပြီး လက်မှတ်ရေးထိုး ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာပါ အသေးစိတ် အကြောင်းအရာတွေကို ဒေါ်စမ်းစမ်းတင်က ဆက်ပြီး တင်ပြပါလိမ့်မယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









