ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဆိုသည့်သတင်းမှား ပျံ့နှံ့နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုပြီး သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းဟာ မမှန်ကန်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က RFA ကို အတည်ပြု ပြောဆိုပါတယ်။

"ဒါဆိုက်ဝါးတွေပါ၊ ကောလာဟလတွေပါ၊ မလွှတ်သေးပါဘူး၊ သူတို့က ခင်ဗျားတို့ RFA က လွှင့်တယ်ဆိုပြီး ကောလာဟလပြောနေတယ်"

… လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာပြီဆိုတဲ့ သတင်းကို RFA က ထုတ်လွှင့်တယ် ဆိုပြီး ကောလဟလ သတင်းတွေ ပျံ့နှံနေပါတယ်။

ဒီသတင်းကို RFA က လုံးဝထုတ်လွှင့်ခဲ့ခြင်း မရှိပါဘူး။