ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ဆွေးနွေး


2019.05.25
kachin-refugees-camp-622.jpg ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Ye Htet/ RFA

ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ နေရပ်ပြန်နိုင်ရေး အကောင်အထည်ဖော်ပေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးအသင်း KHCC တို့ မနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒုတိယအကြိမ်မြောက်အဖြစ်နဲ့ တွေ့ဆုံ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပြီး သူတို့ရဲ့ မူလအသက်မွေးဝမ်းကြောင်း အလုပ်ပြန်လုပ်နိုင်ရေးနဲ့ ပြန် လည်နေရာချထားရေး အဆင်ပြေအောင် လက်တွေ့ကွင်းဆင်းပြီး အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေ ကြောင့် ကချင်နဲ့ ရှမ်းမြောက်ဖက်မှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း တစ်သိန်းကျော် ရှိတယ်လို့ သိရပါ တယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘတ်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။