DKBA မှ ထုတ်ထားတဲ့ ဗျူဟာမှူး မူလရာထူး ပြန်လည်ခန့်အပ်


2015.03.09
sawsanaung-305 DKBA တပ်က မူလရာထူးပြန်ခန့်လိုက်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို တွေ့ရစဉ်
Photo: Nay Myo Zin Facebook

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်က ထုတ်ပယ်လိုက်တဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စော ဆန်းအောင်ကို မတ်လ ၇ ရက်နေ့က DKBA က မူလရာထူးမှာ ပြန်လည်ခန့်အပ်လိုက်ပါတယ်။ ဒီဆောင်ရွက်မှုဟာ DKBA တပ်ဖွဲ့ဝင် အဖွဲ့ခွဲတွေဖြစ်ပေါ် လာမှာကို တားဆီးတာဖြစ်တယ်လို့ DKBA ကပြော ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက ကျိုက်မရော မြို့နယ်မှာ ၃ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစိုးရတပ်ဖွဲ့ တွေနဲ့ DKBA တပ်ဖွဲ့တွေရဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဌာနချုပ်မှာ လာရောက်ဖြေရှင်းဘို့ ပျက်ကွက်တဲ့အတွက် ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ဗိုလ်မှူး ကြီးစောဆန်းအောင်ကို DKBA က ထုတ်ပယ်လိုက် တာဖြစ်ပါတယ်။  DKBA က ထုတ်ပယ်လိုက်ပြီး တဲ့နောက်ပိုင်း ဗိုလ်မှူးကြီး စောဆန်းအောင်ကို အစိုးရတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်နေချိန်မှာ DKBA က မူလတာဝန်များ ပြန်လည်ပေးအပ်တာဖြစ်ပါတယ်။

လောလောဆယ်မှာ ဗိုလ်မှူးကြီးစောဆန်းအောင်ဟာ ကော့ကရိတ်မြို့နယ်ထဲမှာရှိပြီး သူရှိတဲ့နေရာကို အစိုးရတပ်တွေ ဝင်ရောက်လာတတ်တာကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြတယ်လို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အပါတ်အတွင်း ဗိုလ်မှူးကြီးစောဆန်းအောင်က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ သပိတ်မှောက်နေ တဲ့ ကျောင်းသားတွေကို အကြမ်းဖက်ခဲ့ရင် ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်မှာဖြစ် တယ်လို့ ကြေညာထားပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို  RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။