ဒေါက်တာသန်းမင်းထွဋ် ပုသိမ်ထောင်ကနေ ပြန်လွတ်

2021.08.02
Share on WhatsApp
Share on WhatsApp
ဒေါက်တာသန်းမင်းထွဋ် ပုသိမ်ထောင်ကနေ ပြန်လွတ် ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို တွေ့ရစဉ်
Photo: RFA

အာဏာရှင်ဆန့်ကျင်ရေး CDM မှာပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ပင်းတယ မီးအိမ်ရှင်လို့ အများသိကြတဲ့ ပုသိမ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ဟာ ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ပြန်လွတ်မြောက်လာပြီ ဖြစ်တယ် လို့ ဒေါက်တာသန်းမင်းထွဋ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒေါက်တာ သန်းမင်းထွဋ်ကို ပုသိမ်အကျဉ်းထောင်ကနေ ဒီနေ့ မနက် ၄ နာရီခန့်မှာ ပြန်လွှတ်ပေးခဲ့ပြီး ပုသိမ်မြို့ နယ်မြေရဲစခန်းမှာ စစ်ကောင်စီကနေ တရားစွဲဆိုထားတဲ့ အမှုကို သွားရောက်ပိတ်သိမ်းခဲ့ပြီး နောက် ၁၁ နာရီမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

ဒေါက်တာသန်းမင်းထွဋ်ကို မတ်လ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ ဧရာဝတီတိုင်း တိုင်းကျန်းမာရေးဦးစီးမှူးက အစည်းအဝေးရှိတယ်ဆိုပြီး တိုင်းစစ်ကောင်စီရုံးကို ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

ဗမာလူမျိုး၊ မြောင်းမြသား ဒေါက်တာသန်းမင်းထွဋ်ဟာ ၂၀၁၁ ခုနှစ်တုန်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးမှူးအဖြစ် တာဝန်ယူခဲ့သူပါ။

ဆေးကုသရာမှာလည်း ကျေးရွာတွေအထိ အခမဲ့ကွင်းဆင်း ကုသပေးတာအပြင် ဒေသဖွံ့ဖြိုးရေးတွေပါ ဆောင်ရွက်ပေးခဲ့တာကြောင့် ရှမ်းပြည်တောင်ပိုင်းတစ်ခွင် ဒေသခံလူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိလာကာ ပင်းတယ မီးအိမ်ရှင်လို့ နာမည်တွင်လာခဲ့သူလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။