မြစ်ဆုံကိစ္စ ဘက်ပေါင်းစုံကနေ သုံးသပ်မှာဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်ပြော


2019-03-16
Share
dr-zawmyintmaung-622.jpg NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင်ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ မနှစ်သက်ရင် နိုင်ငံရေးအရ စဉ်းစားဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ဘက်ပေါင်းစုံကနေ သုံးသပ်မှာဖြစ်ကြောင်း NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင် က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဒီနေ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပပြီးနောက် မြစ်ဆုံနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း တရုတ်နိုင်ငံမှာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တေ့ွဆုံခဲ့ပါတယ်။ အဲဒီလိုတေ့ွဆုံရာမှာ မြန်မာပြည်မှာ လုပ်မယ့်စီမံကိန်းတွေဟာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဘယ်လောက် အကျိုးအမြတ်ရှိမလဲဆိုတာ စဉ်းစားဖို့၊ ပြည်သူအကျိုးစီးပွားနဲ့ မကိုက်ညီရင် ပြည်သူ့အသံကို အစိုးရက နားထောင်ရတာကို နားလည်ပေးဖို့၊ တရုတ်အစိုးရက လုပ်တဲ့ စီမံကိန်းတွေဟာ မြန်မာပြည်နဲ့ ညီညွတ်မှုရှိဖို့ စတဲ့ အချက် ၃ချက်ကို ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့မှာ ဒေသခံတွေနဲ့ တေ့ွဆုံရာမှာ ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့