စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝဝ ကျော်ကို ချေမှုန်းခဲ့ဟု DRPA ပြောကြား

အာဏာရှင်တော်လှန်ရေး ပြည့်သူ့တပ်မတော် DRPA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။
အာဏာရှင်တော်လှန်ရေး ပြည့်သူ့တပ်မတော် DRPA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ (DRPA)

အာဏာရှင်တော်လှန်ရေး ပြည့်သူ့တပ်မတော် DRPA ဖွဲ့စည်းတည်ထောင်ချိန်ကနေ ၂၀၂၃ ခုနှစ် ဧပြီလအထိ နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး DRPA တပ်ဖွဲ့ဝင် ရဲဘော် ၁၆ ဦး ကျဆုံးကာ ၅၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ DRPA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်ဖွဲ့ရန်ပုံငွေ အခက်အခဲကြောင့် DRPA ရပ်တည်ရေးအတွက် အဆင်မပြေဖြစ်နေတယ်လို့ ပြောပါတယ်။

ငွေကြေးမပြည့်စုံမှုနဲ့ ယူနီဖောင်း မရှိတာကြောင့် အာဏာရှင်တော်လှန်ရေး ပြည့်သူ့တပ်မတော် DRPA နှစ်နှစ်ပြည့် အခမ်းအနားကို မကျင်းပဖြစ်ဘူးလို့ DRPA ဗဟိုကော်မတီဝင် ဥက္ကဋ္ဌ ကိုလင်းနွေ(ခေါ်) ကိုဟိန်းလင်းထက်က ပြောပါတယ်။