မဲဆွယ်ဟောပြောခွင့် ဥပဒေ မူကြမ်းကို ပြင်ဆင်မယ်လို့ ဦးတင်အေး ပြောကြား


2014.05.15
election-commission-305 ရန်ကုန်မြို့၊ တာမွေမြို့နယ် Sky Star ဟိုတယ်မှာ မေလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ်
Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ဥပဒေမူကြမ်း ကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး ပြီး ပြင်ဆင်သွားမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ပြောပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်က Sky Star ဟိုတယ် မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေး မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်တာပါ။

"ဥပဒေကို ကျနော်တို့ပြင်လို့မရပါဘူး သို့သော် လည်းပဲ ကျန်တာတွေက တိုင်ပင်ပြီးမှ အများ သဘောတူ အများကျေနပ်တာကို ချပြဆွေးနွေးပြီးတော့ ပြင်ဆင်သွားမှာပါ ရွေးကောက်ပွဲမှာ အားနည်း ချက်တွေရှိတယ်၊ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာအားနည်းတာတွေကို ကျနော်တို့အနေနဲ့ အား လုံးသိအောင် ကိုယ်တိုင်လည်းသိရမှာပေါ့၊ ကျန်တဲ့စနစ်တွေဆိုရင်တော့ ဘာမှပြောင်းလဲစရာမရှိဘူး"

လာမယ့် ၂၀၁၄ခုနှစ်ကုန်ခါနီးမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့်စည်းကမ်းတွေကို ဥပဒေကြမ်းအဖြစ် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီအထဲမှာ မဲဆွယ်စည်းရုံးခွင့်ကာလကို တစ်လသာ သတ်မှတ်ပေးထားတာနဲ့ မဲဆွယ်စည်းရုံးမယ် ဆိုရင် ကြိုတင် ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့ အချက်တွေကို ဒီနေ့ တက်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများက သဘော မတူကြဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ကသာ သဘောတူတယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၆ ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အဲဒီဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အကြီးအကဲ ဦးခင်မောင်ဆွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။