ရွေးကောက်ပွဲကာလ လုံခြုံရေး သင်တန်းတွေ စတင်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလမှာ ဖြစ်ပေါ် လာနိုင်တဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်းတွေပေးနေ ပါတယ်။

ရွေးကောက်ပွဲမတိုင်မီကာလကနေ ရွေးကောက်ပွဲပြီးတဲ့ အချိန်အထိ လုံခြုံရေး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို သင်ကြားပေးတာ ဖြစ် တယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်တဲ့ သင်တန်းမှာ ဒုတိယရဲမှူးကြီး ဦးဝင်းခိုင် က ပြောပါတယ်။

"၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးအနေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရ မယ့် ရွေးကောက်ပွဲ မတိုင်မီ၊ နောက်တ ခါရွေးကောက်ပွဲ လုပ်နေတဲ့ကာလ ရွေးကောက်ပွဲ ပြီးတဲ့အထိလုံခြုံရေးကို ဘယ်လိုလုပ်ကြမလဲဆို တာလေးကို သင်တန်းလေးခေါ်ပေးတာ၊ နောက်တ ခါရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သိရှိရမယ့် ဥပဒေတွေ၊ နည်းဥပဒေတွေလဲသိရှိအောင် ကျနော်တို့ သင်ကြားပို့ချမှာပါ "

ကချင်ပြည်နယ် မြစ်ကြီးနားမှာပြုလုပ်တဲ့ သင်တန်းကို မြစ်ကြီးနား၊ ဗန်မော်၊ မိုးညှင်း၊ ပူတာအို စတဲ့ ခရိုင်လေးခု က ရဲအရာရှိ အယောက် ၃၀ တက်ရောက်နေ ပါတယ်။ အလားတူ မုံရွာမြို့မှာလည်း ရဲအရာရှိအဆင့် ၅၀ ဝန်းကျင်ကို သင်တန်းပေးနေပါတယ်။

အဲ့ဒီသင်တန်းတွေကို ဒီလ ၂၇ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းမှာ ကျင်းပမှာ ဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။