ရိုဟင်ဂျာတွေ နှိပ်စက်ခံရတဲ့ သက်သေ ICC စုဆောင်းဖို့ပြင်

2019-02-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းကို တွေ့ရစဉ်
Photo: DIBYANGSHU SARKAR / AFP

နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က လာမယ့် မတ်လဆန်းမှာ ဘင်္ဂလားဒေ့ရှ်ကို သွားပြီး၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ နှိပ်စက်ခံခဲ့ရတဲ့ သတင်းအချက်အလက်တွေ စုဆောင်းမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူးလ် ဟာ့ခ် က မနေ့က ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ICC အဖွဲ့ကရှေ့နေ ဖာတူးဘန်ဆောင်ဒါ တို့ ဂျာမဏီနိုင်ငံမှာ သောကြာ နေ့က တွေ့ဆုံပြီးတဲ့နောက် သတင်းထောက်တွေကို ပြောလိုက်တာပါ။

ရိုဟင်ဂျာတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေနဲ့ပတ်သက်လို့ အမှုတည်ဆောက်ဖို့ ICC ရှေ့နေတွေက စတင် ဆောင်ရွက်နေပြီ၊ ပထမအဆင့်အနေနဲ့ သက်သေအထောက်အထား စုဆောင်းဖို့ မတ်လဆန်းမှာ ဘင်္ဂလားဒေ့ရှ်ကိုလာလိမ့်မယ်လို့ ရှာဟီဒူးလ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံသွားတက်ရင်း၊ ICC ရှေ့နေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့