မြန်မာကို အကူအညီပို့နိုင်ရေး အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ICRC အသင့်ရှိနေ

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ကူညီဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့အနေနဲ့ အာဆီယံ လူသားချင်းစာနာမှုနဲ့ ကပ်ဘေးအန္တရာယ်စီမံခန့်ခွဲရေး အဖွဲ့ (AHA) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားပါ တယ်လို့ ICRC အဖွဲ့က ထုတ်ဖော်ပြောဆို တယ်လို့ ဇွန်လ ၉ ရက်နေ့ မလေးရှားနိုင်ငံ အခြေစိုက် Bernama သတင်းမှာ ဖော်ပြပါ တယ်။

ICRC အဖွဲ့ အာရှနဲ့ ပစ္စဖိတ်ဒေသ အကြီးအကဲ Christine Cipolla က ဘနားမားသတင်း ဌာနကို ပြောဆိုရာမှာ မြန်မာနိုင်ငံအတွင်း ၀ေးလံပြီးသွားလာဖို့ ခက်ခဲတဲ့ တိုင်းရင်းသား ဒေသတွေ အပါအ၀င် ဒေသများမှာ လိုအပ်နေတဲ့ အကူအညီတွေကို ပေးပို့နိုင်ရေး အရေး ကြီးပြီး ICRC အဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ICRC အဖွဲ့ဟာ မလေးရှားနိုင်ငံခြားရေး၀န်ကြီးက မြန်မာနိုင်ငံကို ပေးအပ်မယ့်အကူအညီ တွေ နှစ်ဆတိုးကူညီဖို့ AHA အဖွဲ့တင်မက တခြားအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေပါ ပူးပေါင်းပါ၀င်ကြဖို့ တောင်းဆိုခဲ့ပြီးနောက် ပူးပေါင်းပါ၀င်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေး၀န်ကြီးက အပြည်ပြည်ဆိုင်ရာအဖွဲ့တွေဟာ အကူအညီလိုအပ်တဲ့ နေရာတွေကို ရောက်ရှိအောင် ပို့ဆောင်နိုင်ရေး အတွေ့အကြုံတွေရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း လိုအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး ICRC အနေနဲ့ ဘယ်လိုအစီ အစဥ်နဲ့ ပေးပို့မယ်ဆိုတဲ့ အသေးစိတ်အစီအစဥ်ကို ပြောဆိုခြင်းမရှိသေးပါဘူး။ ICRC ဟာ မြန်မာနိုင်ငံအကျဥ်းသားတွေအတွက် အကူအညီတွေပေးလျက်ရှိရာ လက်ရှိမှာ ကိုဗစ်၁၉ ကပ်ရောဂါကူးစက်မှုကြောင့် အကူအညီတွေကို ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။