ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ရှစ်သောင်းကျော် ဖမ်းဆီးခံရ

RFA Burmese
2024.07.19
ထိုင်းမှာ အထောက်အထားမဲ့ မြန်မာ ရှစ်သောင်းကျော် ဖမ်းဆီးခံရ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်မားများ ဖမ်းဆီးခံရမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့စဉ်။
nationthailand Photo

ထိုင်းနိုင်ငံမှာ ဇွန်လ ၅ ရက်နေ့က ဇူလိုင် ၁၁ ရက်နေ့အထိ ရက်ပေါင်း ၃၆ ရက်အတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမား ရှစ်သောင်းကျော် (၈၀,၉၁၃) ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Nation က ဖော်ပြပါတယ်။

တရားမဝင် အလုပ်သမားတွေ ဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်မှာ အထောက်အထားမဲ့ အလုပ်သမား တစ်သိန်းကျော် (၁၀၈,၈၇၅) ကို ဖမ်းဆီးခဲ့တာပါ။ အဲဒီအထဲမှာ မြန်မာနိုင်ငံသား ရှစ်သောင်းကျော်အထိ အများဆုံး ပါဝင်ခဲ့တာပါ။

မြန်မာအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံတွေ အထောက်အထားမဲ့ အလုပ်သမားတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးရမိတဲ့ အလုပ်သမားတွေထဲက မြန်မာနိုင်ငံသား ၄၇၃ ဦး၊ လာအိုနိုင်ငံသား ၁၀၁ ဦး၊ ကမ္ဘောဒီးယား နိုင်ငံသား ၇၄ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁၄ ဦးတို့ကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

လိုအပ်တဲ့ အထောက်အထားမရှိဘဲ အလုပ်လုပ်ကိုင်သူတွေဟာ ထိုင်းငွေ ဘတ်ငါးထောင်ကနေ ငါးသောင်းအထိ ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။ ဒီ့အပြင် ထိုင်းနိုင်ငံက မောင်းထုတ်ခံရမှာဖြစ်သလို ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်ပိတ်ပင်ခံရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အထောက်အထားမဲ့ အလုပ်သမားတွေကို ခန့်အပ်တဲ့လုပ်ငန်းရှင်တွေကတော့ အလုပ်သမားတစ်ယောက်အတွက် ထိုင်းဘတ်ငွေ တစ်သောင်းက တစ်သိန်းအထိ ဒဏ်ငွေရိုက်ခံရမှာဖြစ်ပါတယ်။ တစ်ကြိမ်ထက်ပိုပြီး ကျူးလွန်သူတွေကတော့ ထောင်ဒဏ် တစ်နှစ်နဲ့အထက် ပြစ်ဒဏ်ချမှတ်ခံရနိုင်ပြီး ငွေငါးသောင်းကနေ နှစ်သိန်းအထိ ဒဏ်ရိုက်ခံရနိုင်တယ်လို့ ထိုင်း အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။