စစ်အာဏာသိမ်းပြီးနောက် မြန်မာဒုက္ခသည်တွေ ဂျပန်လက်ခံခဲ့

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည် ၇၄ ယောက်ကို ဂျပန်နိုင်ငံက လက်ခံလိုက်ပါတယ်။

ဒါဟာဆိုရင် ၁၉၈၂ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၄ဝ အတွင်းမှာ ဂျပန်မှာ အများဆုံး လက်ခံမှုဖြစ်ပါတယ်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသူတွေအနေနဲ့ကတော့ လူသားချင်း စာနာထောက်ထားမှု အခြေအနေအရ အထူးနေထိုင်ခွင့် အခွင့်အရေး ရရှိမှာဖြစ်တယ်လို့ ဂျပန်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ Nippon က ဖော်ပြထားပါတယ်။

စစ်အာဏာမသိမ်းခင်က ဒုက္ခသည်ဦးရေ ၁ သန်းကျော်သာရှိခဲ့ရာကနေ ဒီနှစ်ကုန်အထိဆိုရင် ၁၄.၄ သန်းအထိ တိုးလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။