ကချင်ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

2019-02-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဇန်နဝါရီလ ၁၆ ရက်နေ့ မနေ့ည ၁၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ပါကထောင်နဲ့ အင်ခေါင်းပါ ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

နေအိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရေးပေါ် ငွေကျပ် သိန်း ၆၀ လောက် အကူအညီ လိုအပ်နေတယ်လို့ မိုင်ဂျာယန်ဒေသမှာ အခြေစိုက်တဲ့ လူထုအလင်းအဖွဲ့ ဒါရိုက်တာ ဒေါ်မေရီတောမ် က ပြောပါတယ်။

ပျက်စီးမှုတွေများတဲ့ ပါကထောင်ဒုက္ခသည်စခန်းမှာ နေအိမ် ၅၀၀ လောက်ရှိပြီး လူဦးရေ ၃ ထောင် လောက်နေထိုင်နေကြတာဖြစ်ပါတယ်။

အဲဒီစခန်းက နေအိမ် ၁၀၀ ခန့် ပြိုကျခဲ့တာဖြစ်ပြီး အင်ခေါင်းပါ ဒုက္ခသည်စခန်းက နေအိမ် ၁၀ ဂဏန်းကျော်ဟာ အမိုးတွေ ပျက်စီးခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်မတော်တို့ကြား တကျော့ပြန်တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်ပြည်သူတွေထဲက တချို့ဟာ ဒီဒုက္ခသည်စခန်းတွေမှာ ၂၀၁၁ ခုနှစ်ထဲက ခိုလှုံနေကြတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့