စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ MPT၊ Ooredoo နဲ့ Telenor ဆက်သွယ်ရေးလိုင်းတွေရဲ့ အင်တာနက်တွေ ဖြတ်တောက်ထားတာကို နှစ်ရက်အတွင်း ပြန်ဖွင့်ပေးဖို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်တာနက်လိုင်း ပြန်ဖွင့်မပေးရင် ကနီမြို့နယ်ထဲမှာရှိတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေအားလုံးကို ဖောက်ခွဲဖျက်ဆီးမယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"မနေ့ညက Call Center တွေအားလုံးကို ဖုန်းဆက်ပြောပြီးပြီ၊ သူတို့ကတော့ အထက်ကို တင်ပြပေးမယ် လို့ပြောတယ်၊ ၁၈ ရက်နဲ့ ၁၉ ရက်နေ့အတွင်း ပြန်ဖွင့်မပေးရင် တယ်လီနောတိုင်တွေကို လုပ်သလို လုပ်ပါမယ်" လို့ ဆိုပါတယ်။
ကနီမြို့နယ်ထဲမှာ စက်တင်ဘာ ၁၂ ရက်နေ့ကတည်းက စစ်ကောင်စီက အင်တာနက်လိုင်းတွေ ဖြတ်တောက် တားတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်ပေါင်း ၂၇ မြို့နယ်ရှိနေပြီဖြစ်ပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်ပါဝင်ပါတယ်။