KIO နဲ့ အစိုးရ ဆက်လက် ဆွေးနွေးမယ် ပူးတွဲ ကြေညာချက်ထုတ်

အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ KIO အဖွဲတို့ တရုတ်ပြည် ရွှေလီမြို့မှာ ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရလဒ်တစုံတရာ မရဘဲ ဒီကနေ့ ရပ်နားလိုက်ပါတယ်။

2012-01-19
Share
kio-government-meet-b305 ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်နေစဉ်။
Photo: courtesy of a citizen journalist

ဆွေးနွေးပွဲ ရပ်လိုက်တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ပူးတွဲ ကြေညာချက်မှာ အချက် လေးချက်ပါပြီး ကေအိုင်အိုဟာ မြန်မာ အစိုးရနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပြီး ဆွေးနွေးချက်တွေကို အများပြည်သူ သိရှိဖို့ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ ကေအိုင်အိုက ပင်လုံစာချုပ်ကို အခြေခံထားပြီး ဆွေးနွေးပေမယ့် အစိုးရဘက်က “ပင်လုံ ကတိကဝတ်” ဆိုတဲ့ ဝေါဟာရ နေရာမှာ “ပြည်ထောင်စု စိတ်ဓာတ်” ဆိုတာကို အစားထိုးစေချင်ပုံ ရတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ ကေအိုင်အို စစ်မဟာဗျူဟာ ဌာနက ဗိုလ်မှူးကြီး ဇော်တောင်က အာအက်ဖ်အေကို ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးးပွဲမှာ နှစ်ဘက် ကိုယ်စားလှယ်တွေဟာ စစ်ရေး နိုင်ငံရေး ကိစ္စ နှစ်ရပ်လုံးကို ဆွေးနွေးခဲ့ကြပြီး အကြမ်းအားဖြင့် အချက် ၅ ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲ ပြုလုပ်နေချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကေအိုင်အိုဘက်က မေးမြန်းခဲ့တယ်လို့ ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။

“သူတို့ကတော့ ရှေ့တန်းနေရာမှာ ဒါမျိုးတွေတော့ ဖြစ်တတ်ပါတယ် ဆိုပြီး ပြောတာပဲ”

ကေအိုင်အိုနဲ့ ဖြစ်ပွားနေတဲ့ စစ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က စစ်ပွဲတွေ ရပ်ဖို့ ကာကွယ်ရေး ဦးစီးချုပ်ထံကို ပြီးခဲ့တဲ့ ဒီဇင်္ဘာ ၁၀ ရက်က အမိန့်ပေးခဲ့ပေမယ့် စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် ကိုရဲထက်က ဆက်လက်တင်ပြပါမယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆွေးနွေးပွဲ ရပ်လိုက်တာနဲ့ ပတ်သက်ပြီး တရုတ် မြန်မာ နယ်စပ်စစ် ရေးရာ နိုင်ငံရေးရာ လေ့လာသူ ဦးအောင်ကျော်ဇောကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့