ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ KIO ပြော

နိုင်ငံရေးပြဿနာကို အစိုးရနဲ့ ဆွေးနွေး အဖြေရှာနိုင်မယ်လို့ ယုံကြည်တာကြောင့် ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့ KIO အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ သဘောထား ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ KIO အနေနဲ့ မလိုလားအပ်တဲ့ သဘောထားတင်းမာမူတွေ ဖြစ်လာမှာစိုးလို့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်ကြေညာခြင်းမပြုတာလို့ ရေးထားပါတယ်။

ဒါ့အပြင် အစိုးရသတင်း ထုတ်ပြန်ချက်တွေဟာ KIO ကို တဖက်သတ် အပြစ်ပုံချထားတာကို တွေ့ရတယ်လို့ ရေးထားပါတယ်။

နောက်ဆုံးအချက်အနေနဲ့ KIA အနေနဲ့ ပြဿနာများ ဖြစ်ပွားနိုင်တဲ့ စစ်ရေးလှုပ်ရှားမူတွေပြုလုပ်မှာ မဟုတ်ဘူးလို့ KIO ပြောခွင့်ရ ဦးလာနန်း က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရသူနဲ့ KIO ပြောခွင့်ရပုဂ္ဂိုလ်တို့နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00