အဆိုတော် ခင်မောင်တိုး ကွယ်လွန်

ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေ နဲ့ အောင်မြင်ကျော်ကြား ခဲ့တဲ့ တေးရေးဆရာ၊ အဆိုတော် ဦးခင်မောင်တိုး ၆၃ နှစ်ဟာ ဒီကနေ့ မနက် (၈) နာရီဝန်းကျင်က စင်ကာပူနိုင်ငံမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

2012.11.15
kmt_passaway305 ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာသည့် အဆိုတော် ခင်မောင်တိုးအား လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် တွေ့ရစဉ်။
Photo:RFA/Kyaw Kyaw Aung

ခင်မောင်တိုးရဲ့ ရုပ်ကလာပ်ကို စင်ကာပူနိုင်ငံမှာပဲ ဒီကနေ့ ညနေပိုင်းက နေချင်းပြီး သဂြိုၤလ် လိုက်တယ်လို့ အနီးကပ်ပြုစုပေးခဲ့သူ ကိုဇော်လေးက RFAကို ပြောကြားခဲ့ပါတယ်။

ခင်မောင်တိုးဟာ အနုပညာလောကကို ၁၉၇၃ ခုနှစ်ကတည်းက စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနုပညာသက်တန်း နှစ် (၄၀)ခန့်မှာ တေးစီးရီး ၃၀ခန့် ထွက်ရှိခဲ့ပါတယ်။ သေဆုံးချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဝေဝေခိုင်၊ သားကြီး မင်းမင်းလတ်၊ သားလတ် အောင်ပန်းဦးနဲ့ သမီးငယ် ဝေနှင်းခိုင်တို့ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ခင်မောင်တိုး သက်ရှိထင်ရှား ရှိစဉ်အခါက RFA အသံလွှင့်ဌာနကို ပြောခဲ့တဲ့စကားတွေထဲက တစ်ချို့နဲ့ သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက် အနုပညာရှင်တွေရဲ့ အမြင်ကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။