သြဂုတ်လ ၁၇ ရက်နေ့ ကနေ ၂၀ ရက်နေ့အထိ လေးရက်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီတို့ကြား ပစ်ခတ်မှုပေါင်း အကြိမ် ၃၀ ဖြစ်ပွားခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က အယောက် ၂၀ သေဆုံးပြီး သုံးယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
KNU ဘက်က သေဆုံး၊ ထိခိုက်စာရင်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
KNU ကရင်အမျိုးသားအစည်းအရုံး၏ ဒူးသထူခရိုင် တပ်မဟာ ၁၊ တောင်ငူခရိုင် တပ်မဟာ ၂ နဲ့ ညောင်လေးပင် ခရိုင် တပ်မဟာ ၃ ဒေသတွေမှာလည်း စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေ တာကြောင့် မကြာခဏ ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း KNU က ပြောပါတယ်။
စစ်ကောင်စီဘက်က KNU နယ်မြေထဲ စစ်ပြေးဒုက္ခသည်တွေ တိမ်းရှောင်နေတဲ့နေရာတွေအထိ လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာတွေရှိတဲ့အပြင်၊ KNU နယ်မြေတွေကို လေယာဉ်နဲ့ စုံစမ်းထောက်လှမ်း တာတွေလည်း လုပ်နေတယ်လို့ KNU တပ်မဟာ ၅ ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ KNU ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဘာမှပြောဆိုတာ မရှိသေးပါဘူး။