ကွတ်ခိုင်မြို့ပေါ်ရောက် စစ်ဘေးဒုက္ခသည်တချို့ နေရပ်ပြန်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်က စစ် ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၅၀၀ ခန့်ဟာ ဇွန်လ ၂၀ ရက် ဒီနေ့ နေရပ်ပြန်နေကြပါတယ်။

ကွတ်ခိုင်မြို့ပေါ်က မနောကွင်းနဲ့ ရိုမန်ကက်သလစ်ကျောင်းမှာ ဇွပ်အောင်ဒုက္ခသည်စခန်းက ၂၀၀ ခန့်ကို လက်ခံထားပြီး တောင်တန်းသာသနပြု ဘုန်းကြီးကျောင်းမှာတော့ ကုန်းချမ်းနဲ့ မန်ဆာရွာ က ထွက်ပြေးလာသူ ၃၀၀ ခန့်ကို လက်ခံထားပြီး တချို့ကတော့ ဒီနေ့ နေရပ်ပြန်ပို့ပေးနေတာလို့ ဒုက္ခသည်တွေကို ကူညီပို့ဆောင်ပေးတဲ့ ကိုတင်ဝင်းက RFA ကို ပြောပါတယ်။

“တိုက်ပွဲတော့ ငြိမ်သွားပြီပေါ့နော်။ သူတို့လဲ အိမ်ပြန်ချင်ကြတယ်ဆိုလို့ ပြန်ပို့ပေးလိုက်တာ၊ တောင် တန်းကျောင်းနဲ့ မနောကွင်းက အားလုံးပြန်ပြီ၊ ရိုမန်ကက်သလစ်ကျောင်းက သူတွေပဲ ကျန်နေတယ်”

ကွတ်ခိုင်မြို့ ရိုမန်ကက်သလစ် ဘုရာကျောင်းမှာတော့ လူဦးရေ ၉၀ ဝန်းကျင် ကျန်နေသေးပြီး နယ်မြေအေးချမ်းရင် နေရပ်ပြန်ကြမှာပါလို့ ဘုရားကျောင်းတာဝန်ရှိသူ ဆရာဂွန်နန်ကလည်း ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအုပ်စု ကုန်းချမ်းကျေးရွာအနီး ဇွန်လ ၁၆ရက်မနက်ပိုင်းက စစ်ကောင် စီတပ်ကတစ်ဘက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေ ပူးပေါင်းအဖွဲ့တွေက တဘက်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဇွန်လ ၁၇ ရက်မှာတော့ ဇွပ်အောင်ဒုက္ခသည်စခန်းထဲကို လက်နက်ကြီးကျခဲ့လို့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရပြီး အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ ပါတယ်။