ကျောက်တော်ရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ယောက်ကို ရုံးထုတ်

2019-06-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်
ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ယောက်ကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော် က ပြောပါတယ်။

မင်းသားတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းကျော်နဲ့ ဦးကျန်သိန်းအောင်တို့ ဖြစ်ကြပြီး သူတို့ကို သံသယနဲ့ ဖမ်းဆီးခဲ့တာလို့ ဦးမောင်လှကျော် က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က သူတို့နှစ်ဦးကို နေအိမ်မှာရှိနေစဉ် လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတာလို့ ပြောပါတယ်။

သူတို့နှစ်ဦးကို ဘယ်ပုဒ်မတွေနဲ့ တရားစွဲထားတယ်ဆိုတာကို RFA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး နောက်တစ်ပတ် ရုံးချိန်းကို လာမယ့် ဇွန်လ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဦးမောင်သိန်းကျော် အဖမ်းခံရပြီးနောက် ဇွန်လ ၄ ရက်နေ့က ကျောက်တော်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူး ၄၅ ယောက်ဟာ တာဝန်ကနေ နုတ်ထွက်စာ တင်ထားကြတယ်လို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့