မကွေးနဲ့ ဧရာဝတီမှာ ဖံ့ွဖြိုးရေးရန်ပုံငွေသုံးစွဲမှု ကွာဟချက်တွေ တေ့ွရှိ


2018.01.16
mawthan-622.JPG ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အရင်အစိုးရလက်ထက်က ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှုတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ရန်ပုံငွေသုံးစွဲမှု ကွာဟတာ အများဆုံးဖြစ်တယ် လို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း က ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ယာယီရပ်နားချိန်မှာ သတင်းထောက်အချို့ရဲ့ မေးမြန်းမှုကို ဦးမော်သန်းက ပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

"စစ်တာတော့ စစ်ပြီးသွားပါပြီ၊ သမ္မတရုံးကိုလည်း တင်ပြထားပါတယ်၊ သမ္မတရုံးကနေဆိုင်ရာကို ပို့ပါမယ်၊ တိုင်းနဲ့ ပြည်နယ်ဆိုတာကတော့ အဓိကကတော့ မကွေးတို့၊ ဧရာဝတီတို့ပါ"

စစ်ဆေးမှုအရ တိုင်းနဲ့ပြည်နယ်အတော်များများမှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ သုံးစွဲထားတာတွေ တေ့ွရှိထားတယ်လို့လည်း ပြောပါတယ်။

တေ့ွရှိချက်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက နိုင်ငံတော်သမ္မတရုံးထံ တင်ပြထားတယ်လို့လည်း ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်ဘီလီယံနဲ့ချီပြီး အလွဲသုံးတဲ့ကိစ္စကို စစ်ဆေးတွေ့ရှိပြီးနောက် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ စစ်ဆေးဖို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။