မြန်မာ့အရေး အာဆီယံဆောင်ရွက်ချက် မလေးရှား အားမရ

2022.08.24
မြန်မာ့အရေး အာဆီယံဆောင်ရွက်ချက် မလေးရှား အားမရ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ
Photo - AFP

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်အားရတာ မရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောလိုက်ပါတယ်။

မြန်မာပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရ၊ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတာတွေ ပိုဆိုးလာနေပေမယ့် အာဆီယံက ဆောင်ရွက်နေတဲ့ မြန်မာ့အရေး နောက်ဆုံးအခြေအနေတွေကတော့ စိတ်ကျေနပ်စရာမရှိဘူးလို့ သူ့ရဲ့ တွိတာ စာမျက်နှာကနေ ဒီကနေ့ ပြောဆိုတာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ အစည်းအဝေးတွေ တစ်ခုပြီးတစ်ခု လုပ်နေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ လူတွေသတ်ဖြတ်ခံနေရကြောင်း၊ ဒါကြောင့် အစည်းအဝေးတွေချည်းပဲ ခေါ်နေလို့ မရတော့ဘဲ လုပ်သင့်တာလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ ဆိုပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးအတွက် ပိုကောင်းတဲ့ အစီအစဉ်တစ်ရပ် စဉ်းစားဖို့လည်း အာဆီယံအတွင်းရေးမှူးချုပ်ဆီ မလေးရှားက စာရေးသား ပေးပို့ထားပြီလို့လည်း ဆိုပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံဟာ မြန်မာစစ်အာဏာသိမ်းတာကို အပြင်းထန်ဆုံး ဝေဖန်ရှုတ်ချတဲ့ နိုင်ငံဖြစ်ပါတယ်။

အာဆီယံ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေနဲ့ တရားဝင်တွေ့ဆုံဖို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။