မန္တလေးဘီယာ ဂျပန် ဝယ်ဦးမည်

မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်ထဲကို ဝင်ရောက်လာနေတဲ့ ဂျပန်နိုင်ငံအခြေစိုက် ကီရင် အဖျော်ယမကာကုမ္ပဏီက မန္တလေးဘီယာ လုပ်ငန်းကို ဝယ်ယူဦးမယ်လို့ သိရပါတယ်။

အာရှဒေသတွင်းမှာ ဈေးကွက်တိုးချဲ့တဲ့အနေနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်ဆီကနေ မန္တလေးဘီယာကို အမေရိကန်ဒေါ်လာ သန်းချီပေးပြီး ဝယ်ယူမှာဖြစ်တယ်လို့ နစ်ကိုင်း စီးပွားရေး နေ့စဉ်သတင်းက ဖေါ်ပြပါတယ်။

ဂျပန်ပြည်တွင်းမှာ ဈေးကွက်ကျဆင်းနေလို့ အာရှဒေသတွင်း ဈေးကွက်တွေဆီ ဦးလှည့်လာနေတဲ့ ကီရင် ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်လည်း မြန်မာဘီယာရဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ နဲ့ ဝယ်ယူခဲ့ပါတယ်။

ဒါကြောင့် အခု မန္တလေးဘီယာကို ဝယ်ယူပြီးရင် ကီရင်ဟာ မြန်မာနိုင်ငံ ဘီယာဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒါ့ပြင် ဗီယက်နမ် နိုင်ငံရဲ့ ဆိုင်ဂုံဘီယာကိုလည်း ဝယ်ယူဦးမယ်လို့ သိရပါတယ်။