လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အဆိုးဆုံးစာရင်းထဲမှာ မြန်မာထိပ်ဆုံးပါဝင်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.12.04
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အဆိုးဆုံးစာရင်းထဲမှာ မြန်မာထိပ်ဆုံးပါဝင် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ဘုန်းကြီးကျောင်းတွင် လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် ရွာသားအယောက် ၃၀ ခန့်ကို တန်းစီပြီးထိုင်ခိုင်းထားသည့်ပုံကို စစ်ကောင်စီတပ်သားတစ်ဦး ကျကျန်ခဲ့သည့်လက်ကိုင်ဖုန်းမှ RFA ရရှိခဲ့ပါသည်။
Photo: RFA

၂ဝ၂၂ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်ခြေရှိတဲ့ အဆိုးဆုံးနိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံကို နံပါတ် ၃ နေရာကနေ ဖော်ပြလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် Holocaust Museum ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်နဲ့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တွေရဲ့ နိုဝင်ဘာလကုန်ပိုင်းထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပါတယ်။

NEW_ROPEScopy.jpg
ဖမ်းဆီးသတ်ဖြတ်ခံရသူအချို့ကို လက်နောက်ပြန်ကြိုးတုပ်ရာတွင် နဖားကြိုးများကို အသုံးပြုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ရွာသားများက RFA ကို ပြောပြသည်။ စစ်သား၏ဖုန်းတွင်တွေ့ရသည့် မေလ ၁၁ ရက်နေ့စွဲပါဓာတ်ပုံတွင် အသတ်ခံရသူငါးဦး၏ လက်ကောက်ဝတ်တွင် အလားတူကြိုးများကို မြင်တွေ့ရသည်။

အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်မလာအောင် စောစောစီးစီး သတိပေးချက် ထုတ်ပြန်တာဖြစ်ပြီးတော့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေသူတွေကို အရေးယူဖို့လည်း တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ပါကစ္စတန်၊ ယီမင်နဲ့ မြန်မာ သုံးနိုင်ငံကို အဆိုးဆုံးနိုင်ငံတွေအဖြစ် အစဉ်လိုက် ဖော်ပြထားပြီး မြန်မာနိုင်ငံမှာဆိုရင် အခုကတည်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်နေပြီလို့ ပြောထားပါတယ်။

004_killing.JPG
မေလ ၁၁ ရက်နေ့က ရိုက်ကူးထားသည့်ပုံတွင် ဖုန်းပိုင်ရှင်စစ်သားနှင့် နောက်တစ်ဦးသည် အသတ်ခံရသူငါးဦး၏ အလောင်းနံဘေးတွင် ရပ်ကြည့်နေကြနေသည်ကို တွေ့ရသည်။(ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကြောင့် ပုံကို မှုန်ဝါးထားသည်)

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ ကရင်၊ ကချင်၊ ရှမ်းစတဲ့ လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်ကိုင်ပြန်ခုခံတော်လှန်နေတယ်ဆိုတဲ့ သံသယနဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။

001_MB_Cover.JPG
စစ်ကောင်စီတပ်သား၏ဖုန်းတွင်တွေ့ရသော ဗီဒီယိုတွင် ဖုန်းပိုင်ရှင်နှင့် အခြားစစ်သားနှစ်ဦးက လူပေါင်းမည်မျှကို မည်သို့မည်ပုံ သတ်ဖြတ်ခုတ်ထစ်ခဲ့ကြောင်း အပြန်အလှန်ပြောဆိုနေကြသည်ကို တွေ့ရသည်။

၂ဝ၂၁ ခုနှစ် အစောပိုင်းမှာ မြန်မာစစ်တပ်ဟာ အရပ်သား ခေါင်းဆောင်တွေကို ဖြုတ်ချအာဏာသိမ်းခဲ့ပြီးနောက် အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာကြောင့် အနည်းဆုံးလူပေါင်း ၁၆၀၀ ကျော်သေဆုံးခဲ့ရတယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်ခြေရှိတဲ့ အဆိုးဆုံးနိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံက နံပါတ် ၁၇ နေရာမှာ ရှိခဲ့ရာကနေ ဒီနှစ်မှာ နံပါတ် ၃ နေရာကို ရောက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။