ရွှေတြိဂံအထူးစီးပွားရေးဇုန်က မြန်မာရွှေ့ပြောင်းလုပ်သား လေးရာကျော် နေရပ်ပြန်ဖို့ခက်ခဲနေ

2021.07.31
ရွှေတြိဂံအထူးစီးပွားရေးဇုန်က မြန်မာရွှေ့ပြောင်းလုပ်သား လေးရာကျော် နေရပ်ပြန်ဖို့ခက်ခဲနေ လာအိုနိုင်ငံ၊ တုန့်ဖိန်းခရိုင်က အဆောင်တစ်ခုမှာ အသွားအလာကန့်သတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ရစဉ်
Photo: Citizen Journalist

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံတဲ့ ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်က လာအိုနိုင်ငံဘက်အခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား လေးရာကျော်တို့ဟာ ကိုဗစ်ကပ်ရောဂါတွေ ကြောင့် အသွားအလာကန့်သတ်ခံထားရပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ အဲဒီအလုပ်သမားတွေ က RFA ကို ပြောပါတယ်။

သူတို့တွေကို အလုပ်ရှင်က လာအိုနိုင်ငံ၊ တုန့်ဖိန်းခရိုင်က ငါးထပ်ရှိတဲ့အဆောင်တွေမှာ စုပေါင်းထားတာ ဖြစ်ပြီး အထပ်တစ်ထပ်မှာ အလုပ်သမား ၅၀ လောက်စီနေရတယ်လို့ ပြောပါတယ်။

သောက်ရေ၊ သုံးရေ မလုံလောက်ဘဲ အိမ်သာသုံးဖို့အတွက်တောင် ရေမရှိဘူးလို့ ပြောပါတယ်။ ဘယ်ကိုမှလည်း သွားလာလို့မရလို့ လာလှူတဲ့သူတွေရှိမှာသာ စားသောက်စရာတွေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်ချင် တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား နောက်တစ်ယောက်က ပြောပါတယ်။

အခုလိုနေရတာ သုံးလကျော်နေရှိနေပြီး စားဝတ်နေရေးတွေ ခက်ခဲတာကြောင့် မြန်မာနိုင်ငံကို ပြန်ခွင့်ရဖို့ ကြိုးစားနေကြပါတယ်။ စစ်ကောင်စီက မနေ့က ဇူလိုင် ၃၀ ရက်က အလုပ်သမားအယောက် ၁၀၀ ကို ပြန်ခေါ်မယ်လို့ပြောပေမယ့် အယောက် ၃၀ ကျော်ကိုသာ ပြန်ခေါ်ခဲ့တဲ့အကြောင်း၊ နောက်ထပ် ဘယ်အချိန်မှာ ထပ်ပြီး ပြန်ခေါ်မယ်ဆိုတာကိုလည်း သေချာမသိရသေးတဲ့အပြင် ကိုယ့်ဘာသာပြန်ရင်လည်း ရဲအဖမ်းခံရမှာကို စိုးရိမ်တာကြောင့် မပြန်ရဲကြပါဘူးလို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။