မြန်မာကိုလာမယ့် နိုင်ငံခြားသားတွေ ပြည်တွင်းရေးဝင်မစွက်ဖို့ စစ်ကောင်စီ ထုတ်ပြန်

2022.08.08
မြန်မာကိုလာမယ့် နိုင်ငံခြားသားတွေ ပြည်တွင်းရေးဝင်မစွက်ဖို့ စစ်ကောင်စီ ထုတ်ပြန် (မန္တလေးမြို့ လေဆိပ်တွင် နိုင်ငံခြားသားခရီးသည်များအား ၂၀၂၀ ခုနှစ် ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံကိုလာရောက်ဖို့ ကမ္ဘာလှည့်ဗီဇာ လျှောက်ထားသူတွေအနေနဲ့ တည်ဆဲဥပဒေ တွေကို လိုက်နာရမှာဖြစ်သလို မည်သည့်ပြည်တွင်းရေးကိုမှ ဝင်ရောက်စွက်ဖက်ခွင့် မပြု ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။

ကမ္ဘာလှည့်ဗီဇာ လျှောက်ထားသူတွေအတွက် သတ်မှတ်ချက် (၁၆) ချက်ထဲမှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ကိစ္စ၊ ပြည်ဝင်ခွင့်ကိစ္စတွေအပြင် ပြည်တွင်းရေးကို ဝင်မစွက်ဖို့နဲ့ ကန့် သတ်ထားတဲ့ ဧရိယာတွေကို ခွင့်ပြုချက်မရှိဘဲ မသွားဖို့ စတဲ့ကိစ္စတွေလည်း ပါဝင်လာတာ ပါ။

လျှောက်ထားမှုဟာ အကြောင်းအမျိုးမျိုးနဲ့ ငြင်းပယ်ခံရနိုင်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ချမှတ် ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ရင်လည်း အရေးယူမယ်လို့ စစ် ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကောင်စီဘက်က ကြေညာသလိုပဲ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က အသက် ၂၀ ကျော် အရွယ် ဂျပန်နိုင်ငံသား တိုရူကူဘိုတာ (Toru Kubota) ကို ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုမှာ မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးနေချိန် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြစ်တဲ့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ - ၁၃ (၁) စတဲ့ ပုဒ်မနှစ်ခုနဲ့ စစ် ကောင်စီက အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။