ချေဖျက်ထားပြီးသား မွန်ဝန်ကြီးချုပ်အမှုကို စစ်ကောင်စီ တရားပြန်စွဲ

2022.08.17
ချေဖျက်ထားပြီးသား မွန်ဝန်ကြီးချုပ်အမှုကို စစ်ကောင်စီ တရားပြန်စွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ။
Photo: RFA

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ချေဖျက်အမိန့်ကျပြီးသား ရွေးကောက်ပွဲအမှုကို ပြည်ထဲရေးက ပြင်ဆင်ချက်လျှောက်ထားပြီး တရားပြန်စွဲလိုက်ပါတယ်။

ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ချေဖျက်အမိန့် ချမှတ်ထားပြီးဖြစ်ပေမယ့် စစ်ကောင်စီက အဲဒီအမှုကို တရားစွဲအဖွဲ့အစည်း ခွင့်ပြုအမိန့်နဲ့ ပြန်လည်လျှောက်ထားပြီး ဒုတိယအကြိမ် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး သတင်းကြားပေမယ့် ပါဝါယူဆဲဖြစ်တယ်လို့ ဒေါက်တာအေးဇံရဲ့ ရှေ့နေ ဦးမောင်ဆွေ(တရားလွှတ်တော်ရှေ့နေ) က RFA ကို ပြောပါတယ်။

” အမှုနံပါတ်က ထွက်တော့ ထွက်ပြီပေါ့။ ပါဝါကို မရောက်သေးဘူး။ တရားဝင်လိုက်ခွင့် မရသေးဘူးပေါ့။ အရင် အမှုဟောင်းနှစ်မှုပါပဲ။ အမှုနံပါတ်ကတော့ အသစ်ဖြစ်သွားတာပေါ့”

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) အရ အမှု ၂ ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ရှေ့နေအဖွဲ့က တရားစွဲအဖွဲ့အစည်းခွင့်ပြုမိန့် မပါတာကြောင့် ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို လျှောက်လဲခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်က အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချခဲ့တာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်ခံတရားရုံးအောက်မှာ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။