စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ချောင်းမီးတို ချောင်းမကြီး) ကျေးရွာကို ဇွန်လ ၉ ရက်နေ့က စစ်ကောင် စီတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၈၀ ကျော် အမျိုးသမီးတစ်ဦးနဲ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားသလို အိမ်ခြေ ၁၂၀ ခန့် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အရပ်ဝတ်တွေနဲ့ ရုတ်တရက်ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“ညနေပိုင်းမှာ ရုတ်တရက်ဝင်လာတာ။ အဘွားကြီးက သယ်ဖို့အချိန်မရတော့ ထား ခဲ့ရတော့ မီးလောင်တဲ့ဒဏ်နဲ့ ဆုံးသွားတယ်။ ရွာအကုန်လုံးနီးပါး ပါသွားတာပါ။ နွား တွေဆိုလည်း အကောင် ၄၀ ကျော်နဲ့ ဆိတ်တွေလည်း ပါသွားတယ်။ စစ်သားတွေက မီးရှို့ပြီး ချက်ချင်းပြန်ထွက်တာမှာ တိုက်ပွဲခဏဖြစ်ကြတာ။ ပြည်သူတွေက အခုတော့ တောတွေဘက်မှာ တဲထိုးနေနေကြရတယ်။ အကူညီတွေတော့ လိုနေတာပါပဲ“
ချောင်းမီးတိုကျေးရွာမှာ စုစုပေါင်းအိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့အနက် အိမ် ၁၂၀ ခန့် မီးလောင်သွားတာလို့လည်း ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါ။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေ ထဲကို ဝင်ရောက်တာမရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး ဒါကို PDF အဖွဲ့တွေကသာ ကျူးလွန်နေတာလို့ ယခင်က တုံ့ပြန်ထားပါတယ်။
ဝက်လက်မြို့နယ် ခရိုင်ချင်းဆက်လမ်းမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ စစ်ရေးတင်းမာနေတာကြောင့် ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ကစပြီး အဲဒီလမ်းကို အသုံးမပြုဖို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂) က မနေ့က ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။