ဆိုက်ဘာရာဇဝတ်ဂိုဏ်းမှာ ပိတ်မိသူတွေကို ကယ်တင်ဖို့ စစ်ခေါင်းဆောင်ကို သီရိလင်္ကာတိုက်တွန်း

RFA Burmese
2024.07.28
ဆိုက်ဘာရာဇဝတ်ဂိုဏ်းမှာ ပိတ်မိသူတွေကို ကယ်တင်ဖို့ စစ်ခေါင်းဆောင်ကို သီရိလင်္ကာတိုက်တွန်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် General Kamal Gunaratne တို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်။
MYANMAR MILITARY

မြန်မာနိုင်ငံက ဆိုက်ဘာရာဇဝတ်ဂိုဏ်းလုပ်ငန်းမှာ ပိတ်မိနေတဲ့ သီရိလင်္ကာ လူမျိုးတွေကို ကယ်တင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဇူလိုင် ၂၆ ရက်က တွေ့ဆုံချိန်မှာ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် General Kamal Gunaratne က တိုက်တွန်းလိုက်ပါတယ်။

သီရိလင်္ကာ ၅၆ ယောက်ကို အိုင်တီဆိုင်ရာ အလုပ်အကိုင်ရမယ်ဆိုပြီး ထိုင်းကို မနှစ်က ဒီဇင်ဘာမှာ ခေါ်ဆောင်သွားပြီး မြန်မာမှာ လည်ပတ်နေတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းမှာ ဒီလူတွေ ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ Daily Mirror သတင်းက ဇူလိုင် ၂၈ ရက်က ဖော်ပြပါတယ်။

ဒီနှစ်ဧပြီမှာ ရှစ်ယောက်ကို ကယ်ထုတ်နိုင်ပြီး မူရင်းနိုင်ငံပြန်ပို့နိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စဖြေရှင်းဖို့ သီရိလင်္ကာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြောကြားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လေးကြိမ်မြောက် ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ဘင်းစတက် လုံခြုံရေးဆိုင်ရာ အစည်းအဝေးပြင်ပမှာ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံတာပါ။

စစ်ကောင်စီ အာဘော်မီဒီယာမှာလည်း ဒီတွေ့ဆုံပွဲအကြောင်းဖော်ပြပေမဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းအကြောင်း မပါဝင်ပါဘူး။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ သံတမန်ရေးနဲ့ ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစစ်တပ်အကြား သင်တန်းသားစေလွှတ်ရေး စတာတွေဆွေးနွေးကြတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။