ဆန္ဒပြမှုဖြစ်ခဲ့တဲ့ မြန်မာပလာဇာရှေ့မှာ လုံခြုံရေးတင်းကျပ်ထား

2021.11.26
Share on WhatsApp
Share on WhatsApp
ဆန္ဒပြမှုဖြစ်ခဲ့တဲ့ မြန်မာပလာဇာရှေ့မှာ လုံခြုံရေးတင်းကျပ်ထား ရန်ကုန်မြို့က မြန်မာပလာဇာရှေ့မှာ စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ နိုဝင်ဘာ ၂၆ ရက်နေ့က တွေ့ရစဥ်
Photo: RFA

မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်အချို့ ဆန္ဒပြမှုကို ရိုက်နှက်ဖြိုခွင်းပြီးတဲ့နောက် ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ ရန်ကုန်မြို့က မြန်မာပလာဇာ စျေးဝယ်စင်တာရှေ့မှာ ရဲနဲ့ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာမှာ စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ပါရမီလိုင်းကားကို မစီးဖို့ မနေ့ညနေပိုင်းက စာတန်းကိုင် ဆန္ဒပြခဲ့တဲ့လူငယ်တွေကို အဲဒီစင်တာရှိ လုံခြုံရေးဝန်ထမ်းတချို့က ရိုက်နှက် ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။

(မြန်မာပလာဇာရှေ့မှာ စစ်သားတွေ နိုဝင်ဘာ ၂၆ ရက်နေ့က စောင့်ကြပ်နေစဥ်)
(မြန်မာပလာဇာရှေ့မှာ စစ်သားတွေ နိုဝင်ဘာ ၂၆ ရက်နေ့က စောင့်ကြပ်နေစဥ်)

မနေ့က ဆန္ဒပြလူငယ် ခုနစ်ဦးထဲက ယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦးတို့ကို လုံခြုံရေးဝန်ထမ်း တွေက ရိုက်နှက်ခဲ့တာဖြစ်ပြီး ကြမ်းပြင်ပေါ်မှာ ချုပ်ပြီး အရိုက်ခံရတာကြောင့် ဒဏ်ရာတွေရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဆန္ဒပြလူငယ်တစ်ဦးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့