မြန်မာနိုင်ငံမှာ နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ ၂ ရုံ အမေရိကန် ဆောက်မည်

2014-08-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို တပ်ဆင်ထားစဉ်
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို တပ်ဆင်ထားစဉ်
Photo: brasilconstrucao

မြန်မာနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ ၂ ရုံ တည်ဆောက်ဖို့အတွက် အမေရိကန်နဲ့ မြန်မာ သဘောတူလက်မှတ် ရေးထိုးလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈ဝ ကုန်ကျမယ့် ဒီစီမံကိန်းကို အမေရိကန်အခြေစိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ လျှပ်စစ်ဝန်ကြီးဌာန ပူးတွဲ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးလိုက်ပြီးနောက် ပိုင်း မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေး ဌာနက ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေပြည်တော်မှာ ဒီကနေ့ပြုလုပ်တဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို အမေရိကန် ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် Michael Froman ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိ သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီစီမံကိန်းအရ မန္တလေးတိုင်းအတွင်းက မြင်းခြံနဲ့ မိတ္ထီလာခရိုင်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅ဝ စီထုတ်လုပ်နိုင်မယ့် စက်ရုံနှစ်ရုံကို ၂ဝ၁၆ ခုနှစ်မှာအပြီး တည်ဆောက်မှာဖြစ်ပါတယ်။

ဒီဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ပြီး သွားမယ်ဆိုရင် တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား ၁ဝ ရာခိုင်နှုန်း ကနေ ၁၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

စက်ရုံတည်ဆောက်မယ်ဆိုရင် လူငါးရာလောက်အတွက် ဆောက်လုပ်ရေး လုပ်ငန်းအပါအဝင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း ACO ကုမ္ပဏီက ပြောပါတယ်။

ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

ကြိုဆိုပါတယ်။ အရမ်းကောင်းတဲ့အစီအစဉ်ပါ။ ဒါပေမဲ့ "ဒီဓာတ်အားပေးစက်ရုံ ၂ ရုံတည်ဆောက်ပြီးသွားမယ်ဆိုရင်တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အား ၁၀% ကနေ ၁၂% အထိထုတ်လုပ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်" ဆိုတာကတော့သိပ်မမှန်ဘူး။
ကျနော်နားလည်သလောက်တော့ Solar PV ရဲ့ Power ကိုပြောတဲ့အခါ အမြင့်ဆုံးထုတ်လုပ်နိုင်တဲ့ peak power ကိုပဲပြောလေ့ရှိတယ်။ တစ်နေ့လုံးထုတ်လုပ်နိုင်တဲ့ Average Power က Peak Power ရဲ့ ၁၀% လောက်ပဲရှိတယ်။
ဒီတော့ တစ်နိုင်ငံလုံးအတွက် % တွက်တဲ့အခါ Average Power ဖြစ်တဲ့ ၁၃၀မဂ္ဂါဝပ်ရဲ့ ၁၀% ၁၃ မဂ္ဂါဝပ်လို့ပဲယူရမှာ။ ဒါဆို စက်ရုံ ၂ရုံအတွက် ၂၆ မဂ္ဂါဝပ်ပဲရမယ်။တစ်နိုင်လုံးလျပ်စစ်လိုအက်ချက်ရဲ့ ၁% လောက်ရှိတယ်လို့ပဲ မှတ်ယူလို့ရမယ်။

Jun 23, 2016 07:01 PM

အမည်မဖော်လိုသူ

နေရပ်- Yangon.

That project will not cause any problem to people rather it will surely help for the country... Everybody can see how different from Chinese electronic power projects in Myanmar.

Aug 28, 2014 11:18 PM

အမည်မဖော်လိုသူ

ကြိုဆိုပါတယ်။
ရေအားလျှပ်စစ်ထုတ်လုပ်စီမံကိန်းတွေကို နေရောင်ခြည်သုံးလျှပ်စစ်စီမံကိန်းတွေနဲ့ အစားထိုးသင့်ပါပြီ။

Aug 28, 2014 02:12 PM

ဆိုက်တခုလုံးသို့