မြဝတီ လုံခြုံရေးတိုးမြှင့်


2016.12.30
myawaddy-620.jpg ထိုင်း မြန်မာနယ်စပ် မြဝတီမြို့ကို တွေ့ရစဉ်
Photo: RFA

ထိုင်း မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် မြဝတီမြို့နယ်က စက်သုံးဆီဆိုင်တွေကို ဖောက်ခွဲမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အတွက် မြဝတီမြိုကနယ်မှာ ရဲတပ်ဖွဲ့က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပါတယ်။

လုံခြုံရေးအင်အား တိုးမြှင့်တာမျိုးမဟုတ်ဘဲ လုံခြုံရေးဆောင်ရွက်ချက်တွေကို အရင်ကထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့က ရဲအုပ်စိုးသီဟ ကပြောပါတယ်။

"တိုးမြှင့်ချထားတာတော့မရှိဘူး၊ လုံခြုံရေးအင်အားကို ထပ်တိုးချထားတာမဟုတ်ဘူး၊ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်တာပေါ့၊ လှည့်ကင်းကိုအရင်က တစ်ကြောင်းသွားရင် အခု နှစ်ကြောင်းသွား တယ်ပေါ့"

မြဝတီမြို့မှာ ကရင်နှစ်သစ်ကူးပွဲတော်၊ နှစ်သစ်ကူးပွဲတော်နဲ့ လွတ်လပ်ရေးနေ့ပွဲတော်တွေမှာ စည်စည် ကားကားကျင်းပနိုင်ဖို့အတွက် လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။