မြင်းခြံမှာ နေအိမ် လေးလုံး မီးလောင်ပျက်စီး

ဧပြီလ ၂၀ ရက် ည ၁၂ နာရီခန့်က မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် ၁၅ ရပ်ကွက်မှာ မီးလောင်ခဲ့ပြီး နေအိမ် လေးလုံး ပျက်စီးခဲ့ပါတယ်။

နေအိမ်တွေကနေ ပစ္စည်းတစ်ခုမှ ယူချိန်မရခဲ့ဘဲ အကုန်မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးငြိမ်းသတ်ဖို့လာတဲ့ မီးသတ်ကားများကို စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ် တယ်လို့လည်း ဆိုပါတယ်။