နီကယ်ထုတ်လုပ်ရေး၏ အကျိုးအပြစ်များ ဆွေးနွေး
2014.03.23

ချင်းပြည်နယ်အတွင်းရှိ မြွေတောင်၊ ဖါးတောင်ဒေသမှာ ပြုလုပ်မယ့် နီကယ်သတ္တုထုတ်လုပ်ရေး စီမံကိန်းကြောင့် ရရှိ လာမယ့် အကျိုးအပြစ်များကို သုံးသပ်လေ့လာတဲ့ အစည်းအဝေးကို နေပြည်တော် စည်ပင်ရိပ်သာမှာ ဒီကနေ့ ကျင်းပပြီး ဆွေးနွေးချက်တွေကို လွှတ်တော်ကို တင်ပြသွားမယ်လို့ သိရပါတယ်။
အဲဒီ စီမံကိန်းနဲ့ပတ်သက်ပြီး ချင်းတောင်သယံဇာတ စောင့်ကြည့်ရေးအဖွဲ့နဲ့ ချင်းပါတီလေးပါတီ တို့အပြင် ဒေသခံတွေ ပူးပေါင်းလေ့လာပြီး တွေ့ရှိချက်တွေကို အစီရင်ခံစာ တစောင်ပြုစုခဲ့ပါတယ်။
ဒီအစီရင်ခံစာကို ချင်းပြည်နယ်က အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးဦးနဲ့ ဆက်လက်တိုင်ပင်ပြီး လွှတ်တော်ကို တင်ပြဖို့ ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးချက်တွေအရ ဒေသခံတွေရဲ့ နစ်နာချက်တွေ ဆောင်ရွက်ပေးရေးအပြင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသေးစိတ်လေ့လာချက်တွေကို ပညာရှင်တွေက ပြုလုပ်ပေးဖို့ အတွက်လည်း သက်ဆိုင်ရာကို ပန်ကြားသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ လွှတ်တော်နဲ့ ဒေသတွင်းရှိ လူမူအဖွဲ့အစည်းများ နိုင်ငံရေးအဖွဲ့အစည်းများ ဒေသအကျိုး အတွက် ပူးပေါင်း လုပ်ဆောင် အကောင်အထည်ဖေါ်ခဲ့တာဖြစ်တယ်လို့ ချင်းသယံဇာတစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။
မြွေတောင် ဖါးတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။