နိုင်ငံတကာအလံ နဲ့ ထော်လာဂျီ နေပြည်တော်မှာ ပိတ်ပင်


2015.04.14
thangyan-305.jpg ထော်လာဂျီနဲ့ ရေကစားနေသူတချို့ကို တွေ့ရစဉ်
Photo: Nay Thwae/RFA

သြင်္ကန်ကာလအတွင်း နေပြည်တော်နယ်မြေ မှာ ထော်လာဂျီနဲ့ ရေကစားတာ၊ ဆိုင်ကယ် ကို နှစ်ယောက်ထက်ပိုပြီး စီးတာမလုပ်ကြဖို့ဆိုတာတွေ ပါတဲ့ စည်းကမ်းချက် ၁၃ ချက်ကို နေပြည်တော် ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ ကားတွေ ဆိုင်ကယ်တွေ ပြိုင်မောင်းတာ၊ အရှိန်လွန်မောင်းနှင်တာတွေ မလုပ်ဖို့၊ လမ်းပြောင်းပြန် မမောင်းကြဖို့၊ နိုင်ငံတကာအလံတွေကို ယာဉ်ပေါ်မှာမတပ်ဆင်ဖို့၊ ညစ်ညမ်းတဲ့ စာသား ဆိုင်းဘုတ်တွေ မတပ်ကြဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ သြင်္ကန်ကာလအတွင်း ယာဉ်မတော်တဆမှု ၁၃ မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၅၇ ဦး၊ သေဆုံးသူ ၁၁ ဦးရှိခဲ့တဲ့အတွက် အခုလိုသတိပေး ထုတ်ပြန်တာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။