မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှု NUG ကန့်ကွက်ရှုတ်ချ

RFA Burmese
2024.10.19
မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှု NUG ကန့်ကွက်ရှုတ်ချ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှိရာလမ်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
The Mandalay News Journal

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရတာနဲ့ပတ်သက်လို့ ကန့်ကွက်ရှုတ်ချကြောင်း နဲ့ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှာ အထူးစိုးရိမ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအနီး၊ ၇၃ လမ်းပေါ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ငါးနာရီ ခွဲအချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ အကာအကွယ်ပေးရမဲ့ သံတမန်အဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ NUG အနေနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေမဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို အမြဲ ဆန့်ကျင်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စုဟာ အမျိုးသားရေးလှုပ်ရှားမှုနာမည်ခံပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်နေသလို တစ်ချိန်က တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့တဲ့ လက်သည် တရားခံဖြစ်ကြောင်း ထပ်လောင်းသတိပေးလိုတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ မတူကွဲပြားတဲ့သဘောထားတွေ ရှိခဲ့ရင်လည်း NUG အနေနဲ့ သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသွားမှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့်ကိစ္စတွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်စေမယ့် ကိစ္စတွေကို ကန့်ကွက်ရှုတ်ချ‌ကြောင်းလည်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။