စစ်ကောင်စီကို ညီညွတ်အားနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ NUG သမ္မတပြော

RFA Burmese
2024.08.10
စစ်ကောင်စီကို ညီညွတ်အားနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ NUG သမ္မတပြော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ။
NUG

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မြို့ ၇၅ မြို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဒါဟာ တိုင်းရင်းသားတွေနဲ့ မြန်မာပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုနဲ့ အောင်မြင်ခဲ့တာဖြစ်ကြောင်း၊ ဆက်လက်ပြီးလည်း ညီညွတ်မှုအားနဲ့ စစ်ကောင်စီကို တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့က အွန်လိုင်းကကျင်းပတဲ့ ပြည်သူများသို့အောင်စကား ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ ခူဦးရယ်ကလည်း တော်လှန်ရေးဟာ လက်ရှိမှာ တိုးတက်အောင်မြင်နေကြောင်း၊ စစ်အာဏာစနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ဒီလိုအခွင့်အရေး နောက်ထပ်မရနိုင်ကြောင်း၊ လူမျိုးစုအားလုံး ပြည်သူအားလုံး လက်တွဲတိုက်ပွဲဝင်ကြဖို့ နှိုးဆော်သွားပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း လက်ရှိတော်လှန်ရေးဟာ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေရဲ့ထောက်ခံမှု၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် CDM တွေရဲ့ ပါဝင်မှုတွေကြောင့် နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုတွေ ပိုမိုရလာနေကြောင်း ပြောသွားပါတယ်။

ဒီအစီအစဉ်မှာ NUG ကာကွယ်ရေးဝန်ကြီး ဦရည်မွန်၊ စီမံကိန်း ဘဏ္ဍာရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီနဲ့ ဦးမင်းကိုနိုင်တို့လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။