စစ်ကိုင်းတိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခုနစ်ခုကို NUG အရေးယူ

RFA Burmese
2024.09.11
စစ်ကိုင်းတိုင်းက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခုနစ်ခုကို NUG အရေးယူ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် မေလ ဒုတိယပတ်က ပဲခူးတိုင်းရှိ တော်ဝင်ဒေါင်းစစ်ကြောင်း (Royal Peacock Column) ရှေ့တန်းစခန်းကို ရောက်ရှိစဉ်။
Royal Peacock Column

စစ်ကိုင်းတိုင်းက မြို့နယ် ခုနစ်ခုမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေကို အရေးယူဆောင်ရွက်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

NUG ရဲ့ ဝန်ကြီးဌာနသုံးခုက ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေနဲ့ ပတ်သက်ပြီး ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောခဲ့တာပါ။

စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုမှာ ပအဖ တစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းထားပြီး စစ်ဆေးမှုတွေလုပ်နေသလို မြို့နယ် ခြောက်မြို့နယ်က ပအဖ အဖွဲ့ဝင်အချို့ကို အစားထိုး ခန့်အပ်သွားမယ်လို့ ပြောပါတယ်။

“အုပ်ချုပ်ရေးအဖွဲ့တစ်ခုနဲ့ ပတ်သက်ရင်တော့ သူတို့ကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အုပ်ချုပ်ရေးတစ်ဖွဲ့လုံးကို လောလောဆယ် ရပ်ဆိုင်းထားတယ်ဆိုပေမဲ့ တကယ်ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ တာဝန်ကို ရပ်ဆိုင်းရတာတော့ ၄၊ ၅ ယောက်ပဲရှိတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးတစ်ဖွဲ့လုံး အသစ်ကနေ ပြန်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်သာ အရေးပေါ်အုပ်ချုပ်ရေးဆိုပြီး ဖွဲ့စည်းဆောင်ရွက်ရတာ ဖြစ်ပါတယ်”

တိုင်ကြားမှုရှိတာကြောင့် စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေချိန် ယာယီရပ်ဆိုင်းခံရတဲ့ မြို့နယ်ရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုတာမရှိသလို ပအဖ အဖွဲ့ဝင်အချို့ အစားထိုးခန့်အပ်ဖို့ ဆောင်ရွက်နေတဲ့ မြို့နယ် ခြောက်မြို့နယ်ရဲ့ အမည်ကိုလည်း ထည့်သွင်းပြောဆိုသွားတာမရှိပါဘူး။

ပအဖ၊ ပလဖနဲ့ ပကဖ အဖွဲ့တွေနဲ့ ပတ်သက်ပြီး လက်ရှိ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတဲ့ အမှုပေါင်း ၈၀ ကျော်ရှိပြီး အဲဒီအမှုတွေထဲက ၁၁ မှု အရေးယူထားသလို အမှု ၇၀ နီးပါးကို စစ်ဆေးနေတယ်လို့လည်း ဦးလွင်ကိုလတ်က ပြောပါတယ်။

NUG ရဲ့ ဝန်ထမ်းတွေ၊ ပအဖ၊ ပလဖနဲ့ ပကဖ အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအပြင် အခြား ရာဇဝတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုတွေကို NUG ရဲ့ တိုင်ကြားရေးယန္တရားတွေဖြစ်တဲ့ ဗဟိုတိုင်ကြားစာကော်မတီ (ကြားကာလအုပ်ချုပ်မှုဖော်ဆောင်ရေးကော်မတီ)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုင်ကြားစာကော်မတီ၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တိုင်ကြားစာကော်မတီတွေဆီ တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

morris
2024-09-11 22:46

how to contact NUG..if there is something we want to report that has happened in some rural village...give us the link or email....

ဇူကာဘတ်ရဲ့အမုန်း
2024-09-12 08:47

Please let the international rescuers come quickly. Myanmar is going to die due to the flood. Please do it.To
# on fb
# on tt
#Emergency rescue
# Relevant government officials
# pdf files
#nugs
#Charity associations
#Teachers
#Churches
#Save people

Please help me

Relief has not yet arrived

My father and my brother from the house went to the rescue

I want the relief to come to the east of the sugar factory as soon as possible

2 middle-aged men and a 15-year-old boy went behind the water to save their grandmother and children in Kyun U Village

May it be done as soon as possible

I hope to be safe

If found, 09958350740
Please contact me
2
😭😭😭😭😭😭
If you can't come and save me now, you will lose your life
percentages already
You have to save by boat
09257213345
U Win Maung
Kyaukche village, Tarpaon road
About 20 people are trapped
The water reached the roof
Please help 🙏🙏🙏🙏🙏
3
Rescue groups are asking for help 🙏 The village of Leppangone, Mekeeone group in the east of Katgone city, has been affected by the flood since 2:00 a.m. on 11.9.2024. As of 12.9.2024, the rescue team has not arrived yet. The flood has already receded, so I would like you to help me as soon as possible.
It's been more than a day since they haven't eaten or drank, so the children are crying, and the whole village is starving because there's no food 😢
Even if the water is falling, can't you help me? How long do I have to wait? Please see. 🙏 I can't help but hear the voices of the children crying because they are hungry. Please help me. Please help me. 😢
The village of Lapangone in the east of the village 🙏
#crd
4
If you have a boat, please help

Because of the high water in Newgyi Village, east of Phin Mana

There are schools and other people because they are submerged in water

My sister and my brother-in-law
I'm on the way out

My sister and brother-in-law were left at home

Please help me

09.43044279/09.797677058
5
Children and their mother are trapped on the roof of a house in Aung Hein Sai Street, Nay Pyi Taw District, from yesterday.
The children are cold, please help me. I also want to drink a lot of water
Call 09-75929-7566
https://www.facebook.com/share/p/j2fVU423GW6oC93y/?
6
More than 30 children and adults are trapped in a two-story house with a single entrance in the east of Phin Mana. Please help.
09952837086
09777550250