မြန်မာနိုင်ငံသားတစ်ဦး ထိုင်းအချုပ်ခန်းအတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေ

ထိုင်းနိုင်ငံကို ခိုးဝင်မှု၊ မူးယစ်ဆေးပိုင်ဆိုင်မှုတွေနဲ့ အဖမ်းခံထားရတဲ့ အသက် ၃၅ နှစ် အရွယ် မြန်မာနိုင်ငံသားတစ်ဦး Phra Pradaeng ခရိုင်က သူ့ကိုဖမ်းထားတဲ့ ရဲစခန်း တစ်ခုရဲ့ အချုပ်ခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချပြီး သတ်သေထားတာကို တွေ့ရတဲ့အကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

Samking Ratana ဆိုတဲ့ အဲဒီမြန်မာနိုင်ငံသား အမျိုးသားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အဖမ်းခံခဲ့ရတာပါ။ သူ့ရဲ့အမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ပြစ်ဒဏ်ကျခံရမယ့် ကာလ လည်း ပြည့်သွားခဲ့ပါပြီ။ သူ့ကို မြန်မာနိုင်ငံ ပြန်မပို့ခင် တောင် Samrong ရဲစခန်းမှာ ထိန်းသိမ်းထားတုန်း အချုပ်ခန်းအတွင်း သူ့ရဲ့ဘောင်းဘီကို ကြိုးအဖြစ် အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလို့ ဆိုပါတယ်။

တနင်္ဂနွေနေ့ မနက်၂ နာရီခွဲလောက်က သေဆုံးနေတာကို တွေ့ရတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။