မြေပုံမြို့နယ်မှာ ဒေသခံ ရွာသား နှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ


2019.07.06
pauktutaung-village-622.jpg ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပေါက်တူးတောင်ရွာ တည်နေရာပြမြေပုံ
http://themimu.info

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပေါက်တူးတောင်ရွာမှာ မနေ့ညပိုင်းက ရွာသားနှစ်ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

စားသောက်ဆိုင်ဖွင့်ထားတဲ့ ဦးမောင်ဘကျန်နဲ့ စစ်တပ်ကထွက်ထားတဲ့ သားမက်ဖြစ်သူကို မနေ့ည ရှစ်နာရီလောက်က မျက်နှာဖုံးစွပ်ထားတဲ့လူ သုံးယောက်က လာသတ်သွားတယ်ဆိုတဲ့ သတင်းရထားကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဦးမောင်ဘကျန်မှာ သေနတ်ဒဏ်ရာတွေနဲ့တွေ့ရပြီး သားမက်မှာ ဓားဒဏ်ရာတွေ တွေ့ရကြောင်း၊ အခင်းဖြစ်ချိန်က သေနတ်သံလေးချက်လောက် ကြားရတယ်လို့လည်း ရွာသားတွေကပြောကြောင်း ဦးဖေသန်းက ပြောပါတယ်။

ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ AA အဖွဲ့တွေက လုပ်ကြံတာလို့ ပြောဆိုသံတွေထွက်ပေါ်နေသလို၊ သူကိုမကျေနပ်တဲ့လူက လုပ်ကြံတာဖြစ်နိုင်ကြောင်းလည်း ပြောဆိုချက်တွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒီကိစ္စကို မသိကြောင်းနဲ့ AA အဖွဲ့ကတော့ အဲဒီလုပ်ကြံမှုဟာ AA အဖွဲ့ကမဟုတ်ကြောင်း RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။