ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဦးဆောင်သူနှစ်ဦး စမ်းချောင်းတရားရုံး ဆင့်ခေါ်
2012.10.01
ဒီအမှုကို မြို့နယ်ရဲစခန်းက တရားလိုအဖြစ် စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။ ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ တို့ကို အရပ်ဘက် အသင်းအဖွဲ့အစည်း တွေက ကူညီပံ့ပိုးပေးကြဖို့ ရှိပါတယ်လို့ ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
"ဒီနေ့ကတော့ ဒီအမှုတွဲကို တရားရုံးကနေ လက်ခံပြီးတော့ ကျွန်တော်တို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုထားတဲ့ အကြောင်း၊ တရားခွင်အရ တရားဥပေဒေအရ တရားရုံးကနေ ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း၊ ပြီးရင် သဘက်ခါကို ရုံးချိန်တစ်ခါတည်း ခေါ်လိုက်တယ်၊ ဒီအပေါ်မှာ ကျွန်တော်တို့ဟာ မှားယွင်းမှု လုံးဝမရှိကြောင်း၊ နိုင်ငံသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအရ ကျွန်တော်တို့ ဒါကိုပြန်ပြီးတော့ ချေပပြီးတော့ ဒီအမှုကို ရင်ဆိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကူအညီ တောင်းဖို့ဆိုတာထက် အသင်းအဖွဲ့တွေ အားလုံးက ဒီကိစ္စမှာ ကျွန်တော်တို့နဲ့အတူ ရှိနေပြီဆိုတဲ့ အကြောင်းကို သူတို့က အကြောင်းကြားပါတယ်။ လူမှုအသင်းအဖွဲ့တွေ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က အရပ်သား လူ့အဖွဲ့အစည်းတွေပေါ့။"
ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ တို့ဟာ အောက်တိုဘာလ (၁၀) ရက်နေ့မှာလည်း ဒဂုံမြို့နယ်တရားရုံးရဲ့ ရုံးချိန်းသွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။