ဖယ်ခုံမြို့တော်ခန်းမ ပေါက်ကွဲမှုဖြစ်၊ ရဲတစ်ဦး သေဆုံး

2021-08-03
Share
ဖယ်ခုံမြို့တော်ခန်းမ ပေါက်ကွဲမှုဖြစ်၊ ရဲတစ်ဦး သေဆုံး ဖယ်ခုံမြို့တော်ခန်းမကို ၂၀၁၈ ခုနှစ်က တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့က မြို့တော်ခန်းမ အထွက်ပေါက်မှာ ဒီနေ့ ဩဂုတ်လ ၃ ရက် နေ့လယ် ၂ နာရီလောက်က ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးသွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ရဲသင်တန်းဆင်းကာစ အသက် ၂၀ အရွယ် ကိုညီပု ဆိုသူဖြစ်ပြီး၊ ရုပ်အလောင်းကို သျှမ်း တောင်တန်း ပရဟိတအဖွဲ့ကားနဲ့ မြို့တော်ခန်းမကနေ သယ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုအပြီးမှာ ဖယ်ခုံမြို့ထဲက ကား၊ ဆိုင်ကယ်နဲ့ သွားလာသူတွေကို ရဲနဲ့ စစ်တပ်က စစ်ဆေးမှုတွေရှိခဲ့ပြီး မြို့ပေါ်မှာလည်း သေနတ်သံတချို့ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကစလို့ ဖယ်ခုံမြို့တော်ခန်းမမှာ စစ်ကောင်စီရဲ့အစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပြီး ပြည်သူတွေရှိတဲ့နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်လို့ ဘယ်သူလုပ်ဆောင်တယ်ဆိုတာ ခန့်မှန်းဖို့ခက်တယ်လို့ ဖယ်ခုံဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကနေ ကိုဗစ်ကာကွယ်ဆေးကို ဒီမြို့တော်ခန်းမမှာ လာရောက်ထိုးနှံ နေတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးတဲ့ ပထမရက်မှာ ဖယ်ခုံမြို့နယ် တစ်ခုလုံးက လူဦးးရေ ၆၅၀ လာ ရောက်ထိုးနှံခဲ့တယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့