ရန်ကုန်တိုင်းကို သိမ်းနိုင်တဲ့အထိ တိုက်ခိုက်မယ်လို့ ပြည်သူ့တပ်မဟာ ပြော

2022.08.07
ရန်ကုန်တိုင်းကို သိမ်းနိုင်တဲ့အထိ တိုက်ခိုက်မယ်လို့ ပြည်သူ့တပ်မဟာ ပြော ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာအနေနဲ့ စစ်ကောင်စီကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ခိုက်သွားမယ်လို့ ဩဂုတ်လ ၇ ရက် ဒီကနေ့ လူမှုကွန်ရက် ZOOM ကနေတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းပြည်သူ့ တပ် မဟာရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

“ရန်ကုန်တိုင်းကို ချုပ်ကိုင်နိုင်တဲ့အထိ ကြိုးစားသွားပါမယ်။ အဲဒီအတွက် စစ်ရေးဗျူဟာ ချမှတ်ထားပါတယ်။ ရန်ကုန်တိုင်းက စစ်ကောင်စီအဖွဲ့တွေကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ပါ မယ်။ ပထမလှိုင်းက နှင်းဆီလှိုင်းလို့ နာမည်ပေးထားတယ်။ နှင်းဆီဆိုတဲ့အတိုင်း ပျော့ ပျော့လေးပဲ။ ဖောက်ခွဲမှုတွေကို လုပ်မယ်။ နောက်တစ်ခု သိန်းငှက်လှိုင်းပါ။ နှင်းဆီလှိုင်း ထက် ပိုကြမ်းမယ်။ ဒီမှာတော့ နှစ်လွှာထပ်ပြီး လုပ်ပါမယ်။ နောက်ဆုံးကတော့ နဂါး လှိုင်းကြရင်တော့ ရန်ကုန်တိုင်းကို သိမ်းနိုင်တဲ့အထိ လုပ်သွားပါမယ်”

နှင်းဆီလှိုင်းအတွင်းမှာ Justice Lady Mission ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားမှုတစ်ခု ပါဝင်ခဲ့ပြီး တရားရုံးတွေကို သတိပေး တိုက်ခိုက်တာတွေ အပါအဝင် စစ်ကောင်စီနဲ့ စပ်ဆက်သူတွေကို သတိပေးတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သိန်းငှက်လှိုင်းအတွင်းမှာတော့ ဖောက်ခွဲမှုတွေအပါအဝင် အပစ်အခတ်တွေနဲ့ တိုက်ခိုက်သွားမှာဖြစ်ပြီး နဂါးလှိုင်းအတွင်းမှာတော့ ရန်ကုန်တိုင်းအတွင်းက မြို့ထဲတွေတင် မကဘဲ မြို့ပြင်အထိပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) နဲ့အတူ ပူးပေါင်းတိုက် ခိုက်ပြီး ရန်ကုန်တိုင်းကို ထိန်းချုပ်နိုင်တဲ့အထိ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လက်ရှိကာလအထိတော့ နှင်းဆီလှိုင်းအတွင်းမှာပဲ လုပ်ဆောင်နေတာဖြစ်ပြီး မကြာခင်မှာ သိန်းငှက်လှိုင်းကို လုပ်ဆောင်သွားမယ်လို့လည်း ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာကို ဧပြီလအတွင်းမှာ အဖွဲ့ ၁၆ ဖွဲ့နဲ့ စုစည်းထားတာဖြစ်ပြီး အဲဒီနောက်ပိုင်း Justice Lady Mission အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ စတင်လုပ် ဆောင်ခဲ့သလို အခုလထဲမှာလည်း တိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-08-07 04:28

I don't know how these people will win against MAH. Not that I like MAH and the Burmese military dictatorship. Even MAH's well equipped army in Rangoon is not talking about how well prepared they are to defend their stronghold in Rangoon and yet these loosely run orgs are talking about the names of their operations. They must be mad.